Home သတင်း တပ်ရိက္ခာအတွက် ရွာသူရွာသားများထံ ဒီ‌ကေဘီ‌အေ ဆန်‌ကောက်ခံ

တပ်ရိက္ခာအတွက် ရွာသူရွာသားများထံ ဒီ‌ကေဘီ‌အေ ဆန်‌ကောက်ခံ

2036
ဩဂုတ်လ ၁၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ) ၃၃၃ တပ်မဟာ၊ လက်‌အောက်ခံ တပ်ရင်းမှ တပ်ခွဲမှူး ‌စော ‌ကျော်မင်း ဦး‌ဆောင်၍ သထုံခရိုင် ဘီလင်းမြို့နယ်အတွင်းရှိ ‌ကျေးရွာများ၌ ဩဂုတ်လ ဆန်းပိုင်းမှစ၍ တပ်ရိက္ခာအတွက် ဆန်‌ကောက်ခံ ‌နေသည်ဟု သိရသည်။

အဆိုပါဒီ‌ကေဘီ‌အေတပ်ဖွဲ့က ထို‌ဒေသရှိ ထီးဖာ့ဒို့ထာ့၊ ယိုကလား၊ ‌ကော့ဖိုးခို့၊ နို့ဘဲ့‌ဖော၊ ထီးဖာဒို့ခီး၊ ‌လေး‌ခေါက်ထိ၊ ‌ထော့က‌လော့ ထာ့၊ ‌ထော့က‌လော့ခီး၊ မဲ့‌ဘောခီး၊ ဝါ့ခယ်ထာ့၊ ကွီး‌လေး၊ က‌လောထာ့၊ ကဝါထာ့၊ ညာ့ဖိုးခီး၊ တာအယ်ခီး၊ ‌ပေါ်ခီး နှင့် တာအယ်နီ စသည့်‌ကျေးရွာများတွင် တရွာလျှင် ဆန် (၁)တင်းနှုန်းဖြင့် လစဉ်‌ကောက်ခံသွားမည်ဟု ‌ဒေသခံတဦးဖြစ်သူ ‌စောမြင့် (နာမည်ရင်းမဟုတ်) က ‌ကေအိုင်စီကို ‌ပြောသည်။

သူက “ဒီရွာ‌တွေကို လစဉ်အလိုက် သူတို့(ဒီ‌ကေဘီ‌အေ)က တလ တကြိမ်‌ကောက်ခံသွားမယ်လို့ ကျ‌နော်တို့ သိရတယ်။ ရွာသား‌တွေက မ‌ပေးချင်ကြဘူး။ ဒါ‌ပေမယ့် သူတို့က မ‌ပေးမ‌နေရ လုပ်‌နေတယ်။ ကျ‌နော်တို့ ‌တွေက စားဖို့အတွက်‌တောင် အနိုင်နိုင်ပဲဆိုတာ သူတို့သိ ‌နေတာပဲ။ ဒါ‌ကြောင့် ကျ‌နော်တို့ ရွာသား‌တွေ အခက်ကြုံ‌နေရပါတယ်”ဟု ‌ပြောသည်။

သထုံခရိုင် ဘီလင်းမြို့နယ်အတွင်း အဆိုပါ ‌စော‌ကျော်မင်း ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့သည် အင်အား (၈)ဦးသာရှိပြီး အင်အား (၈၀)ဝန်းကျင်ရှိ နအဖ စစ်တပ်မှ ခမရ-၂၁၁ လက်‌အောက်ခံ တပ်ရင်းနှင့် ပူး‌ပေါင်းလှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

ကရင်ပြည်နယ် သထုံခရိုင်အတွင်းရှိ ‌ကျေးရွာ (၁၀)ရွာ‌ကျော်တွင် ဒီ‌ကေဘီ‌အေ (၃၃၃) တပ်မဟာမှ တပ်ရင်း(၃) ဒုတပ်ရင်းမှူး ဗိုလ်မှူး ‌သောမနက စစ်သားသစ်များအပြင် ‌ငွေ‌ကြေးပါ ‌ပေး‌ဆောင်ရန် ယခင် ဇူလိုင်လ (၄)ရက်‌နေ့က ညွှန်ကြားထားမှုများလည်း ရှိခဲ့သည်။