Home သတင်း ဆရာ‌တော် ဦးသုဇနထံ တင်ပြသည့် စစ်သားသစ်စု‌ဆောင်းမှု ကန့်ကွက်နှိုး‌ဆော်စာအား တစုံတရာ တုန့်ပြန်‌ဖြေကြားခြင်းမရှိ

ဆရာ‌တော် ဦးသုဇနထံ တင်ပြသည့် စစ်သားသစ်စု‌ဆောင်းမှု ကန့်ကွက်နှိုး‌ဆော်စာအား တစုံတရာ တုန့်ပြန်‌ဖြေကြားခြင်းမရှိ

1762
ဩတ်ဂုတ်လ ၂၂ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

မြိုင်ကြီးငူ ဆရာ‌တော် ဦးသုဇနထံမှ တင်ပြသည့် စစ်သားသစ်စု‌ဆောင်းမှုကို လက်မခံသည့် ကန့်ကွက်နှိုး‌ဆော်စာအား တစုံတရာမှ တုန့်ပြန်‌ဖြေကြားခြင်းမရှိ‌သေး‌ကြောင်း ဖားပြ‌ကျေး ရွာရှိ သိပ္ပံ‌ကျောင်းတိုက် ဆရာ‌တော်က မိန့်ကြားသည်။

ဆရာ‌တော် ဦးပညာစာရက “အခုအချိန်‌တော့ နားစွင့်‌နေတုန်းပဲ၊ အဲဒီကိစ္စဟာ အထက် က‌နေ လာတာမဟုတ်ဘူး။ ‌အောက်‌ခြေတပ်ရင်းက စု‌ဆောင်းတာဖြစ်တယ်ထင်တယ်”ဟု မိန့်ကြားသည်။

အလားတူ ‌ဒေသခံတဦးကလည်း “အဲဒီစာကို ဖားပြဂွင်က သံဃာ့သမဂ္ဂအသင်းက‌နေ လက်မှတ်ထိုးပြီး‌တော့ ဒီ‌ကေဘီ‌အေက စစ်သားသစ်ထပ်မံ‌ကောက်ခံတာကို ကန့်ကွက်နှိုး ‌ဆော်တဲ့စာတ‌စောင် ဆရာ‌တော် ဦးသုဇနဆီကို ပို့လိုက်တယ်။ ဒီ‌နေ့နဲ့ဆို (၈)ရက်‌တောင်ရှိ ‌နေပြီ။ တစုံတရာမှ ပြန်လည်‌ဖြေကြားတာမရှိ‌သေးဘူး။ ဒီကိစ္စဟာ ဆရာ‌တော်လည်း ‌သေချာချာ စဉ်းစားချင့်ချိန်ပြီးမှ ပြန်လည်‌ဖြေကြားမယ်ထင်တယ်”ဟု ‌ပြောသည်။

ယခုလ ဩဂုတ်လ ၁၅ရက်‌နေ့က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာ ‌ပေါင်း (၁၅)ရွာမှ ‌ကျေးရွာလူကြီးများက ‌ဒေသတွင်းရှိ ဘုန်း‌တော်ကြီး‌ကျောင်း (၁၅) ‌ကျောင်းမှ သံဃာ‌တော်များကို ပင့်ဖိတ်ကာ သက်ဆိုင်ရာ အာဏာပိုင်များ သိမည်ကို စိုးရိမ်ကြသဖြင့် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မဂင်္လာ ပွဲအ‌ကြောင်းပြုပြီး အစည်းအ‌ဝေးတရပ်ပြု လုပ်ခဲ့သည်။

အဆိုပါ အစည်းအ‌ဝေးတွင် ဒီ‌ကေဘီ‌အေ (၉၀၆) တပ်ရင်းမှ တပ်သားသစ်စု‌ဆောင်းရန်
ညွန်ကြားထားသည်ကို ရွာသားများက လက်မခံကြသည့်အတွက် ယင်းဒီ‌ကေဘီ‌အေ လုပ်‌ဆောင်ချက်အား ကန့်ကွက်‌ကြောင်း ဖားပြ‌ကျေးရွာ ဆရာ‌တော် ဦးပညာစာရက ဦး‌ဆောင်၍ ဖားပြဂွင်ရှိ သံဃာ့သမဂ္ဂအသင်းက လက်မှတ်‌ရေးထိုးထားသည့် စာတ‌စောင်ကို မြိုင်ကြီးငူ ဆရာ‌တော် ဦးသုဇနထံသို့ ‌ပေးပို့ခဲ့သည်။

ယခုလ ဩဂုတ်လ ဆန်းပိုင်းတွင် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅) လက်‌အောက်ခံတပ်ရင်း (၉၀၆)က အိမ်‌ခြေ (၈၀၀-၁၀၀၀)ရှိ ‌ကျေးရွာများကို ၃ဝဦး၊ ရွာငယ်များကို ၁ဝဦးမှ ၃ဝဦးအထိ ဖြန့်စာဖြင့် ညွန်ကြားခဲ့သည်။

ဒီ‌ကေဘီ‌အေ စစ်သားသစ်စု‌ဆောင်းမှုသည် ‌အောက်‌ခြေ အဆင့်လုပ်‌ဆောင်ခြင်းမဟုတ်ဘဲ အထက်က ညွန်ကြားထားပြီး လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ဒီ‌ကေဘီ‌အေနှင့်နီးစပ်သူတဦး က ‌ပြောသည်။

ယခုလဆန်းပိုင်းကလည်း ဒီ‌ကေဘီ‌အေ တပ်ရင်း ၉၀၆သည် ‌တောင်ဒီး‌ကျေးရွာအား တပ်သားသစ် ‌တောင်း‌သောအခါ ရွာသားများ လက်မခံကြသည့်အတွက် လူအင်အား (၅၀၀)‌ကျော် ‌တော ပုန်းယမ်း‌ထောင်း‌သေနတ် (၄၀၀)လက်နှင့် ဓါး၊ ပုဆိန်များဖြင့် (၉၀၆)ဒုတပ်ရင်းမှူး ဗိုလ်ကြီး စတီးထံတွင် သွား‌ရောက်ဆန္ဒပြခဲ့သည်။