Home သတင်း ချည်ဖြူဖွဲ့ပွဲမှ ကရင်အလုပ်သမား ၁၀၀‌ကျော် ဖမ်းဆီးခံရ

ချည်ဖြူဖွဲ့ပွဲမှ ကရင်အလုပ်သမား ၁၀၀‌ကျော် ဖမ်းဆီးခံရ

1855
ဩဂုတ်လ ၁၃ရက်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် ကျင်းပသည့် ကရင့်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာပွဲသို့ လာ‌ရောက်သည့် ‌ရွှေ့‌ပြောင်း ကရင်အလုပ်သမား ၁၀၀‌ကျော်ကို ထိုင်းအာဏာပိုင်များက ယမန်‌နေ့က ဖမ်းဆီးခဲ့သည်ဟု သိရ သည်။

ယမန်‌နေ့ မွန်းလွဲ(၂း၃၀)နာရီအချိန်၌ ဘန်‌ကောက်မြို့နှင့် နီးစပ်သည့် စမွတ်ပရကာခရိုင်၊ ထိုင်းဘတ်လမ်း၊ စဖန်းပါ ‌ဒေသရှိ ‌ရွှေ့‌ပြောင်းကရင်အလုပ်သမားများ ရိုးရာချည်ဖြူဖွဲ့မဂင်္လာပွဲ ကျင်းပ‌နေချိန်တွင် ဘန် ‌ကောက်မှ ထိုင်းရဲများ က ဝင်‌ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြည်ပ‌ရောက်ကရင်လူမှုကယ်ဆယ်‌ရေးအဖွဲ့ (အို‌ကေအာရ်အက်စ်အို)မှ ‌စောလှသိန်းက “ချည်ဖြူဖွဲ့ပွဲလုပ် ဖို့ ပွဲဖြစ် ‌မြောက်‌ရေး‌ကော်မတီ‌တွေက နယ်‌မြေခံရဲ‌တွေကို အ‌ကြောင်းကြားထားပြီးသားပဲ။ ဒါ‌ပေမဲ့ ပွဲကျင်းပ ချိန် ‌နေ့လည် (၁း၃၀)အချိန်‌လောက်မှာ ဘန်‌ကောက်က ရဲ‌တွေ ဝင်ဖမ်းမယ်ဆိုတာ သတင်းရပြီး အလုပ် သမားကဒ်မရှိသူ‌တွေနဲ့ နယ်‌ကျော်သူ‌တွေကို ပြန်ခိုင်းထားတယ်။ ဒါ‌တောင်မှ ပါသွား‌သေးတယ်”ဟု ‌ပြော သည်။

ဘန်‌ကောက်ထိုင်းရဲများ၏ ဖမ်းဆီးခံရသူ ‌ရွှေ့‌ပြောင်းကရင်အလုပ်သမားများထဲတွင် အမျိုးသား ၇၈ဦးနှင့်အမျိုးသမီး ၈ဝဦး ပါဝင်ပြီး ယခုလို ဖမ်းဆီးရခြင်းမှာ နိုင်ငံ‌တော်လုံခြုံ‌ရေးအတွက် တရားမဝင် ‌ရွှေ့‌ပြောင်း အလုပ်သမားများ လူ စုလူ‌ဝေးမရှိ‌စေချင်သည့်အတွက်ဖြစ်သည်ဟု ထိုင်းဘက်မှ ‌ပြောဆို‌ကြောင်း သိရ သည်။

ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ စမွတ်ပရကာခရိုင်၊ စဖန်းပါနယ်‌မြေမှ ‌ရွှေ့‌ပြောင်းကရင်အလုပ်သမားများသည် ကရင့် ရိုးရာချည်ဖြူဖွဲ့ပွဲကို နှစ်စဉ် ကျင်းပခဲ့ရာ ယခုနှစ်သည် (၄)ကြိမ်‌မြောက်ဖြစ်သည်။

အလားတူ လွန်ခဲ့သည့် ၂၀၀၆ခုနှစ်၊ ဩဂုတ်လကလည်း ဘန်‌ကောက်မြို့တွင် ပြုလုပ်သည့် ကရင့်ရိုးရာ လက်ချည် ပွဲတွင် ကရင်‌ရွှေ့‌ပြောင်းအလုပ်သမား ၆၀၀‌ကျော်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး မဲ ‌ဆောက်မှတဆင့် မြဝတီဘက်ကမ်းသို့ အုပ်စုလိုက် ပြန်လည်ပို့‌ဆောင်ခြင်းခံခဲ့ရသည်။