Home သတင်း ဝါဆိုလပြည့် သဃင်္န်းကပ်လှူပူ‌ဇော်

ဝါဆိုလပြည့် သဃင်္န်းကပ်လှူပူ‌ဇော်

2089
ဇူလိုင်လ ၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ ‌တောရ‌ကျောင်းသစ် ဘုန်း‌တော်ကြီး‌ကျောင်း၌ ဝါဆိုလပြည့် သဃင်္န်းကပ်လှူပွဲတရပ်ကို ယ‌နေ့နံနက်တွင် ပြုလုပ်ကျင်းပရာ မဲ‌ဆောက်‌ရောက် မြန်မာပြည်သား (၂၀၀) ခန့် လာ‌ရောက်ခဲ့ကြသည်။

အဆိုပါ ဝါဆိုသဃင်္န်း ကပ်လှူပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ‌ရွှေ့‌ပြောင်းအလုပ်သမားများ အပါအဝင် မဲ‌ဆောက် တွင် ‌နေထိုင်ကြသူများက မြန်မာသံဃာ‌တော်များထံမှ ငါးပါးသီလနှင့် ရှစ်ပါးသီလ ခံယူ‌ဆောက်တည်ခဲ့ ကြသည်။

သီလခံယူသည့် မွန်အမျိုးသမီး မိနီလဲ့က “ဒီအလှူပွဲကို လာဆင်နွဲရတာ ကျမ အရမ်း‌ကျေနပ်မိတယ်။ မဲ‌ဆောက်မှာ လာ‌နေ တာကြာပြီ။ ဒီလိုသဃင်္န်းကပ်လှူပွဲကို ဒီနှစ်မှပဲ လာဖြစ်‌တော့တယ်။ ‌နောက်တခုက တနှစ်မှ တခါပဲလုပ်တဲ့ အလှူ‌လေ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

မဲ‌ဆောက်မြို့တွင် မြန်မာပြည်သားအများစုသည် စား‌သောက်ဆိုင်၊ ‌ဈေးဆိုင်၊ ဓာတ်ဆီဆိုင်၊ စတိုးဆိုင်၊ အိမ်‌ဖော်လုပ်ငန်းနှင့် ‌နေ့စားလုပ်ငန်းများတွင် လုပ်ကိုင်‌နေကြသူများဖြစ်ပြီး ယခုလို ဘာသာ‌ရေး ရက်ကြီး အခါကြီးတွင် ဘုရား‌ကျောင်းကန်များသို့ ဥပုသ်သီလခံယူရင်း သဃင်္န်းကပ်လှူ ပူ‌ဇော်‌လေ့ရှိသည်။

သဃင်္န်းကပ်‌နေကြသည့် မြန်မာပြည်သားများ (ဓာတ်ပုံ-‌ကေအိုင်စီ)