Home သတင်း မယ်လစခန်းကို ဒီ‌ကေဘီ‌အေ ဝင်တိုက်ရန် ဖြစ်နိုင်‌ခြေမရှိ

မယ်လစခန်းကို ဒီ‌ကေဘီ‌အေ ဝင်တိုက်ရန် ဖြစ်နိုင်‌ခြေမရှိ

1741
ဇူလိုင် (၃)ရက်၊ ‌စောခါးစူးညား (‌ကေအိုင်စီ)

မယ်လဒုက္ခသည် စခန်းအတွင်း တိုးတက်‌သော ကရင်ဗုဒ္ဓဘာသာ တပ်မ‌တော် (ဒီ‌ကေ ဘီ‌အေ) ဝင်‌ရောက် တိုက်ခိုက်မည်ဆိုသည့် သတင်းများထွက်‌ပေါ် လာခဲ့ ‌သော်လည်း ဖြစ်နိုင်‌ခြေ မရှိဟု ယ‌နေ့ ဇူလိုင်လ (၃)ရက်‌နေ့ တွင် မယ်လစခန်း လုံခြုံ‌ရေးမှူး ‌စောအားမူက ကရင်သတင်းစဉ်ကို ‌ပြောသည်။

စခန်းပတ်လည်၌ နယ်စပ်‌စောင့်ထိုင်းလုံခြုံ‌ရေးတပ်များက လက်နက်ကြီး၊ လက်နက်ငယ် များနှင့်အတူ လုံခြုံ‌ရေးများ ချထားလျှက်ရှိသည့်အပြင် (ဒီ‌ကေဘီ‌အေ)အ‌နေဖြင့် စခန်း အတွင်း၌ ၎င်းတို့၏ ‌ဆွေမျိုးသားချင်း အများအပြား ရှိ‌နေသည့်အ‌ပေါ် အလွယ်တကူ ဝင်‌ရောက် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ဟု သူက ‌ကောက်ချက်ချ ‌ပြောဆိုခဲ့သည်။

“မယ်လစခန်းကို လာ‌ရောက် တိုက်ခိုက်မယ်ဆိုတာက သိပ်မဖြစ်နိုင်ပါဘူး၊ ‌ကောလဟလ သတင်း‌တွေက‌တော့ အမျိုးမျိုး ထွက်‌နေတာပဲ‌လေ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျ‌နော်တို့က‌တော့ စခန်းမှာ လုံခြုံ‌ရေး တာဝန်ယူထားတယ်ဆို ‌တော့ ‌ပြောဆို အသိ‌ပေးစရာ ရှိရင် ‌ပြောတာပဲ၊ ဇွန်လ (၃၀) ရက်‌နေ့ကဆိုရင် စခန်းတွင်း ‌နေထိုင်သူ‌တွေ အားလုံး ကို သတိဝီရိယနဲ့ ရှိကြဖို့‌တော့ ကျ‌နော်တို့ အသိ‌ပေးထား ပြီးသားပါ” ဟု ‌ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “ဒီ‌ကေဘီ‌အေက သူတို့‌လှေ တိုက်ခိုက် ခံရတာနဲ့ ပတ်သက်လို့ ‌ကေအဲန်ယူနဲ့ မယ်လစခန်း ‌နေထိုင်သူများရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ‌ပြောတယ်၊ အပစ်ခံရတဲ့‌နေရာက နအဖ၊ ငြိမ်းချမ်း‌ရေး အဖွဲ့နဲ့ ဒီ‌ကေဘီ‌အေ ‌နေတဲ့ ‌နေရာပဲ‌လေ၊ ဒါ သူတို့ သက်သက် ပြဿနာ‌တွေ တက်‌အောင် လိုက်လုပ်ချင်တာပဲလို့ မြင်တယ်” ဟု ဆိုသည်။

မယ်လစခန်းမှ ဒုက္ခသည် အမျိုးသမီးတဦးဖြစ်သူ ‌နော်မြင့်ကလည်း “ကျမတို့က‌တော့ ‌တော်‌တော်စိုးရိမ်တယ်၊ စခန်းလုံခြုံ‌ရေး အသိ‌ပေး ‌ကြေညာထား တဲ့အတိုင်း ကျမတို့က‌တော့ အဝတ်အစား၊ အထုပ်အပိုး‌တွေ အဆင်သင့် ထုတ်ထားတယ်၊ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ ဘယ်သူမှ အ‌သေအချာ သိကြတာ မဟုတ်ဘူး‌လေ” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်‌နေ့တွင် ဒီ‌ကေဘီ‌အေ (၉၉၉) အထူးတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆန်ပြုတ် (‌ခေါ်) စံပြုံးနှင့် အဖွဲ့တို့သည် ‌ကေအဲန်ယူ တပ်မဟာ (၇) ဌာနချုပ်ကို တိုက်ခိုက်ရယူခဲ့ပြီး ‌အောင်ပွဲခံရန် စက်‌လှေဖြင့်အပြန် လမ်းတွင် အမည်မသိ လက်နက်ကိုင်တစု၏ ချုံခိုတိုက်ခိုက်မှု‌ကြောင့် ကျဆုံးခဲ့သည့်‌နောက်ပိုင်း ယခုလို မယ်လစခန်းအား ဝင်‌ရောက် တိုက်ခိုက်မည့်သတင်း ထွက်‌ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မယ်လဒုက္ခသည်စခန်း (ပုံ-‌ကေအိုင်စီ)

မယ်လဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ်၌ လူဦး‌ရေအများဆုံးနှင့် အကြီးဆုံး ဒုက္ခသည်စခန်း တခုဖြစ်ပြီး ၁၉၉၆ ခုနှစ်ကလည်း ဒီ‌ကေဘီ‌အေ ဘက်က ဝင်‌ရောက် မီးရှို့ခြင်း၊ စခန်းတွင်း ‌နေထိုင်သူများကို ဝင်‌ရောက် ဖမ်းဆီးသွားခြင်းအပြင် ခြိမ်း‌ခြောက်မှုများလည်း ရှိခဲ့‌ကြောင်း စခန်းတာဝန်ခံများ၏ ‌ပြောပြချက်အရ သိရသည်။