Home သတင်း နယ်စပ်ရှိ ဒီ‌ကေဘီ‌အေ တပ်သားများ စိတ်ဓာတ်ကျဆင်း

နယ်စပ်ရှိ ဒီ‌ကေဘီ‌အေ တပ်သားများ စိတ်ဓာတ်ကျဆင်း

1606
ဇူလိုင်လ ၁၆ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

နအဖ စစ်အစိုးရ၏ ညွန်ကြားမှု‌ကြောင့် ‌ကေအဲန်ယူနယ်‌မြေများကို ထိုးစစ်ဆင်‌နေရခြင်းသည် ကရင်အချင်းချင်း တိုက်ခိုက်‌နေ ခြင်းသာဖြစ်‌နေသည့်အ‌ပေါ် စိတ်ဓာတ်ကျရ‌ကြောင်း ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်အချို့က ထုတ်‌ဖော်‌ပြောဆိုလိုက်သည်။

ကရင်အမျိုးသား‌ရေးအတွက် လုပ်‌ပေးချင်‌သော်လည်း လူမျိုးအချင်းချင်း ပြန်တိုက်ရသည့်အလုပ်ကို မလုပ်နိုင်‌တော့‌ကြောင်း ဇူလိုင်လ ၁၅ ရက်‌နေ့က ‌ကေအဲန်ယူ တပ်မဟာ(၇)၊ တပ်ရင်း(၁၀၁)ထံသို့ ထွက်‌ပြေး‌ရောက်ရှိလာသည့် ဒီ‌ကေဘီ‌အေ (၉၉၉) အထူးတပ်ရင်းတွင် ၆နှစ်ကြာ တာဝန်ယူခဲ့သူ တပ်ကြပ်ကြီးတဦးက ‌ကေအိုင်စီကို ‌ပြောဆိုသွားသည်။

“ကျ‌နော် စစ်သားမလုပ်ချင်‌တော့ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ တို့ ကရင်အချင်းချင်းပဲ ပြန်တိုက်ရတဲ့အခါကျ‌တော့ လုပ်လည်း ဘာမှအကျိုးရှိလာမှာ မဟုတ်ဘူး။ ဒါ‌ကြောင့် အရပ်သားအ‌နေနဲ့ပဲ ပြန်‌နေချင်တယ်”ဟု ဒီ‌ကေဘီ‌အေ (၉၉၉) အထူးတပ်ရင်းမှ အသက် ၂၅နှစ်အရွယ် အဆိုပါတပ်ကြပ်ကြီး ‌စောဒူးကူးက ‌ပြောသည်။

လွန်ခဲ့သည့် ဇွန်လအ‌စောပိုင်းက ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉)၊ (၃၃၃)၊ (၅၅၅)နှင့် ဗဟိုလုံခြုံ‌ရေးတပ်ဖွဲ့တို့က နအဖ တပ်မ (၂၂) တပ်ရင်းများ၏ ‌ထောက်ပံ့မှုဖြင့် ‌ကေအဲန်ယူ တပ်မဟာ(၇) နယ်‌မြေကို ဝင်‌ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ ‌ကေအဲန် အယ်လ်‌အေတပ်ရင်း‌နေရာအချို့ကို သိမ်းယူရရှိခဲ့‌သော်လည်း ၎င်းတို့ တပ်ဗိုလ်တပ်မှူးများ အပါအဝင် တပ်သား(၂၀၀)‌ကျော် ထိခိုက်‌သေဆုံးခဲ့သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၇)၏ မှတ်တမ်းအရ သိရသည်။

ထိုထိုးစစ်‌ကြောင့် အဆိုပါ‌ဒေသအတွင်းရှိ ရွာ‌ပေါင်း(၂၀)‌ကျော်မှ ရွာသူရွာသား(၄၀၀၀)‌ကျော် ၎င်းတို့၏ အိုးအိမ်၊ အလုပ်အကိုင် များကို စွန့်ပစ်ထားခဲ့ကာ အဝတ်တထည်၊ ကိုယ်တခုစီဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်။ ၎င်းအပြင် ဒီ ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များ ရာနှင့်ချီ၍ ထိခိုက်‌သေဆုံးကြရသည့်အ‌ပေါ် ၎င်းတို့၏ မိသားစုများကလည်း စိတ်ထိခိုက်မှုများ ရှိ သည်။

‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေကို ဝင်‌ရောက်တိုက်ခိုက်စဉ် မိုင်းနင်းမိ၍ မဲ‌ဆောက်‌ဆေးရုံတွင် ‌ဆေးကုသမှု ခံယူခဲ့သည့် အသက်(၂၀)အရွယ်ရှိ နို့ဖိုးထီးမူးထာ့ရွာသားဖြစ်သူ ဒီ‌ကေဘီ‌အေ တပ်သားတဦးက “ဒီ‌ကေဘီ‌အေက ရွာထဲမှာ စစ်သား ‌ကောက်‌တော့ မဝင်မဖြစ် စစ်ထဲဝင်ခဲ့ရတာပါ။ စစ်သား(၃)နှစ် လုပ်ရမယ်တဲ့။ အခု ကျ‌နော် စစ်ထဲဝင်တာ (၁)နှစ်‌လောက်ပဲ ရှိ အုံးမယ်။ ‌ရှေ့တန်းသွားရမယ်ဆိုပြီး တပ်မဟာ (၇)နယ်‌မြေမှာ မိုင်းနင်းမိလို့ အခု ‌ခြေတဖက်ဖြတ်ရတယ်။ ကရင်အချင်းချင်း မတိုက်ချင်‌ပေမဲ့ အခုလိုဖြစ်‌တော့ စိတ်မ‌ကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ အရင်ဘဝက ဝဋ္ဋ်‌ကြွေးရှိလို့ ဒီလိုဖြစ်တာ လို့ ပဲ မှတ်လိုက်တယ်”ဟု စိတ်မသက်မသာဖြင့် ရင်ဖွင့်‌ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် ဇွန်လ (၂၆)ရက်‌နေ့က ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)၊ အမှတ်(၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စောဆန်ပြုတ်နှင့် အဖွဲ့သားများ ခြုံခိုတိုက်ခိုက်ခံရကာ ‌သေဆုံးသွားသည့်ကိစ္စနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေဘက်မှ ‌ကေအဲန်ယူလက်ချက်ဟု ‌ပြောဆိုခဲ့‌သော်လည်း ၎င်းတို့အဖွဲ့အတွင်းတွင်ပင် တဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ အယုံအကြည်နည်းလာပြီး ၎င်းတို့သိမ်းပိုက်လိုက် သည့် ‌ကေအဲန်ယူ တပ်မဟာ(၇)တွင် လက်ရှိ တာဝန်ထမ်း‌ဆောင်‌နေသည့် ဒီ‌ကေဘီ‌အေ တပ်သားများလည်း စိတ်ဓာတ်ကျ ဆင်းမှုများရှိ‌နေ‌ကြောင်း နယ်စပ်သတင်းများအရ သိရသည်။

လက်ရှိအချိန်တွင် ဒီ‌ကေဘီ‌အေတပ်များက ‌ကေအဲန်ယူ တပ်မဟာ(၇)ကို ထိုးစစ်ဆင်မှုအပြီး တပ်မဟာ(၆) ‌ဒေသတွင်လည်း ဗျူဟာမှူး ဒုဗိုလ်မှူးကြီး‌စောလားပွယ်(နှုတ်ခမ်း‌မွေး) ဦးစီးသည့် ဒီ‌ကေဘီ‌အေ (၉၀၇)၊ (၉၀၆)၊ (၉၀၁)နှင့် နအဖ တပ်ဖွဲ့များက တပ်အင်အား ပိုမိုချထားလျှက်ရှိရာ အလားတူ ထိုးစစ်ဆင်ရန် အလားအလာရှိ‌ကြောင်း တပ်မဟာ(၆)ရှိ ‌ကေအဲန်ယူ ‌ခေါင်း ‌ဆောင်တဦးက ဆိုသည်။

နအဖ စစ်အစိုးရက လာမည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် တိုင်းရင်းသား အပစ်ရပ်အဖွဲ့များ ကို နယ်ခြား‌စောင့်တပ်အသွင်သို့ ‌ပြောင်းလဲရန် အစီအစဉ်ကို ဒီ‌ကေဘီ‌အေအဖွဲ့က လက်ခံလိုက်ပြီး‌နောက် နယ်စပ်‌ဒေသများ ကို ထိန်းချုပ်နိုင်‌အောင် ယခုလို ‌ကေအဲန်ယူနယ်‌မြေများကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်။

ဒီ‌ကေဘီ‌အေရဲ‌ဘော် ‌စော‌မောင်ဝါး (ဓာတ်ပုံ-‌ကေအိုင်စီ)

ဇူလိုင်လ ၁၃ရက်‌နေ့တွင် ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေရှိ ဒီ‌ကေဘီ‌အေ ဗဟိုလုံခြုံ‌ရေးတပ်ရင်း(၂)မှ တပ်သားတဦးဖြစ်သူ ‌စော‌မောင်ဝင်း ၄၃နှစ်သည် မိမိအရာရှိအား ပြန်လည်ပစ်ခတ်ကာ ‌ကေအဲန်ယူထံ လာ‌ရောက်ပူး‌ပေါင်းခဲ့သလို ဇူလိုင်လ ဒုတိယ ပတ်အတွင်း တပ်မဟာ(၆)သို့ လာ‌ရောက်ပူး‌ပေါင်းသည့် ‌ကေပီအက်ဖ်နှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင် အများစုမှာ စစ်တိုက်လိုစိတ် မရှိဘဲ သာမန်ပြည်သူအဖြစ်သာ ပြန်လည်‌နေထိုင်လိုကြ‌ကြောင်း ‌ကေအဲန်ယူ တပ်ရင်း(၁၆)မှူး ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က ‌ပြောသည်။

နယ်ခြား‌စောင့်တပ်အဖြစ် ‌ပြောင်းလဲကာ ကရင်အချင်းချင်း ပြန်တိုက်ရသည့်ကိစ္စနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ အကြား သ‌ဘောထားကွဲလွဲကာ ဇူလိုင်လအ‌စောပိုင်းမှစ၍ ‌ကေအဲန်ယူ တပ်မဟာ(၆) ‌ကေအဲန်အယ်လ် တပ်ရင်း(၁၆)နှင့် လာ ‌ရောက်ပူး‌ပေါင်းသည့် ဒီ‌ကေဘီ‌အေ တပ်သားဦး‌ရေ(၃၀)ခန့်နှင့် ‌ကေပီအက်ဖ်မှ ၄၅ဦးရှိပြီဟု ‌ကေအဲန်ယူက သတင်းထုတ်ပြန်ခဲ့ သည်။