Home သတင်း စစ်အစိုးရ၏ မှားယွင်းစီမံမှု‌ကြောင့် လက်ဖက်‌တောင်သူများ ထိခိုက်

စစ်အစိုးရ၏ မှားယွင်းစီမံမှု‌ကြောင့် လက်ဖက်‌တောင်သူများ ထိခိုက်

2125
ဇူလိုင်လ ၂၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

လက်ဖက်ဖျက်ပိုး အစီရင်ခံစာ

စစ်အစိုးရ၏ မှားယွင်းသည့် စီမံခန့်ခွဲမှု။ ခြစားလာဘ်စားမှုတို့‌ကြောင့် လက်ဖက်တွင် အဝါ‌ရောင်ဆိုး‌ဆေးပါဝင်ှု လက်ဖက်များကို ပိတ်ပင်တားမြစ်ခြင်းသည် လက်ဖက်‌တောင်သူများသာ ထိခိုက်ပြီး မှန်ကန်သည့် ‌ဖြေရှင်းမှုမဟုတ်ဟု တအာင်း (ပ‌လောင်)လုပ် ငန်းအဖွဲ့က ဆိုသည်။

ထိုင်းနယ်စပ်တွင် ယ‌နေ့ပြုလုပ်သည့် တအာင်း (ပ‌လောင်)လုပ်ငန်းအဖွဲ့၏ “လက်ဖက်ဖျက်ပိုး”အမည်ရှိ အစီရင်ခံစာ ရှင်းလင်း ပွဲတွင် ပ‌လောင်ပြည်နယ်လွတ် ‌မြောက်‌ရေးတပ်ဦး (PSLF) အလုပ်အမှု‌ဆောင် ‌ကော်မတီဝင် မိုင်းဘုန်း‌ကျော်က ယခုလို ‌ပြော သည်။

၎င်းက “ဒီ ၂၀၀၉ မတ်လမှာ နအဖရဲ့ကျန်းမာ‌ရေးဌာနက ကျ‌နော်တို့လက်ဖက်‌တွေကို အိုရာမင်း-အို အသုံးပြုတယ်ဆိုပြီး ‌တော့မှ ပိတ်ပင်တားဆီးမှု‌တွေ ပြုလုပ်တယ်။ ကျ‌နော်တို့ လက်ဖက်‌တွေကို သိမ်းဆည်းတယ်။ တခါတည်း ဖျက်ဆီးပစ်လိုက် တယ်။ နအဖက လက်ဖက်ကို စားသုံး‌နေကြတဲ့ ကျ‌နော်တို့ မြန်မာလူထု‌တွေအတွက် ထိ‌ရောက်‌အောင် မ‌ဖြေရှင်းနိုင်ဘဲနဲ့ သူ့ရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှု‌တွေ သူ့ရဲ့လာဘ်စားမှု‌တွေ‌ကြောင့် လက်ဖက်‌တောင်သူ‌တွေပဲ အတိဒုက္ခ‌ရောက်‌နေတယ်”ဟု ဆိုသည်။

မြန်မာပြည်တွင် လက်ဖက်အဓိကထွက်ရာ‌ဒေသဖြစ်‌သော ရှမ်းပြည်နယ်‌မြောက်ပိုင်းရှိ နမ့်ဆန်မြို့နယ် အပါအဝင် မြို့နယ်‌ပေါင်း (၂၁)မြို့မှ တအာင်း‌ကျောင်းသားနှင့် လူငယ်အစည်းအရုံး၊ ပ‌လောင်ပြည်နယ် လွတ်‌မြောက်‌ရေးတပ်ဦးနှင့် ပ‌လောင်အမျိုးသမီး အစည်းအရုံးတို့က ကွင်းဆင်း၊ ‌မေးမြန်း၊ စစ်တမ်း‌ကောက်ယူပြီးမှ ထုတ်‌ဝေခဲ့သည်။

နအဖစစ်အစိုးရ၏ အစားအ‌သောက်နှင့် ‌ဆေးဝါးကွပ်ကဲ‌ရေးဌာန (FDA)က လက်ဖက်အမျိုး‌ပေါင်း (၄၃)မျိုးကို အဝါ‌ရောင်ဆိုး ‌ဆေး (Aura mine O) ပါရှိ‌ကြောင်း စမ်းသပ်‌တွေ့ရှိခဲ့ရာ လွန်ခဲ့သည့် မတ်(၁၂)ရက်‌နေ့တွင် မသုံးစွဲကြရန်ပိတ်ပင်ခဲ့ပြီး မတ်လ (၂၉)ရက်‌နေ့တွင်လည်း ဆိုး‌ဆေးများပါဝင်၍ စားသုံးရန်မသင့်ဟုဆိုကာ လက်ဖက်အမှတ်တံဆိပ် (၅၇)မျိုးကို ထပ်မံပိတ်ပင် လိုက်ပြန်သည်။

ထိုကဲ့သို့ ပိတ်ပင်တားမြစ်ခဲ့‌သော‌ကြောင့် လက်ဖက်လုပ်ငန်းကို ပင်မ အသက်‌မွေးဝမ်း‌ကျောင်းပြုကြ‌သော ပ‌လောင်လူမျိုးများ သည် စားဝတ်‌နေ‌ရေးအကြပ်အတည်းများနှင့် ရင်ဆိုင်‌နေရသည်မကဘဲ လက်ဖက်‌တောင်သူ သားသမီးများ၏ ပညာသင်ကြား မှုလည်း လွန်စွာမှ နိမ့်ကျလာ‌ကြောင်း ပ‌လောင်အမျိုးသမီးအစည်းအရုံး အတွင်း‌ရေးမှူး(၂) ‌လွေးပိုးညိုဝ်းက ‌ပြောသည်။

“ကျမတို့ ပ‌လောင်ပြည်သူ‌တွေဟာ လက်ဖက်ကို မှီခိုပြီး‌တော့ အသက်‌မွေးဝမ်း‌ကျောင်းပြုကြသူ‌တွေ (၅)သိန်း‌ကျော်ရှိပါတယ်။ အဲဒီထဲမှာ (၃)သိန်း‌ကျော်ဟာ အ‌ကြွေး‌တွေတင်‌နေတယ်။ ပ‌လောင်ပြည်သူ‌တွေဟာ ပညာ‌ရေးထက် စားဝတ်‌နေ‌ရေးကို ပိုဦး စား‌ပေး‌နေရတယ်။ ဒီနမ့်ဆန်မြို့ထဲမှာ က‌လေး‌တွေကို ‌ကျောင်းအပ်ဖို့ (၃၀)ရာခိုင်နှုန်း‌လောက် ‌လျော့ကျသွားတယ်။ တခြားမြို့ ‌တွေကို ‌ကျောင်းတက်‌နေရတဲ့ က‌လေး‌တွေဆိုရင် (၄၀)ရာခိုင်နှုန်း‌လျော့သွားတယ်”ဟု ‌ပြောသည်။

ထို့အပြင် ပ‌လောင်‌ဒေသ၌ လက်ဖက်‌တောင်သူများသည် လက်ရှိအ‌ခြေအ‌နေတွင် အလုပ်လက်မဲ့ဦး‌ရေ (၁)‌သောင်း‌ကျော်ရှိပြီး တချို့မှာ အိမ်‌ထောင်စုအလိုက် ပြည်ပနိုင်ငံများသို့ အလုပ်ထွက်လုပ်ကြပြီး တရုတ်နိုင်ငံတခုတည်းတွင် အလုပ်ထွက်လုပ်သူ ဦး‌ရေ (၁)‌သောင်း‌ကျော်ရှိသည်ဟု သူမက ဆက်‌ပြောသည်။

စစ်အစိုးရ ကျန်းမာ‌ရေးဌာနက ထိုကဲ့သို့ ‌ကြေညာလိုက်ပြီး‌နောက်ပိုင်း လက်ဖက်ဝယ်လိုအားကျဆင်းခြင်း၊ ကုန်သည်များ လက်ဖက်လုပ်ငန်းတွင် ထပ်မံရင်းနှီးမြုပ်နှံမှု မပြုလုပ်ခြင်းနှင့် လက်ဖက်‌တောင်သူများ အလုပ်သမား မ‌ခေါ်ယူနိုင်ခြင်းတို့‌ကြောင့် လက်ဖက်ထုတ်လုပ်မှု ထက်ဝက်ခန့်ကျဆင်းခဲ့ပြီး ‌ရောင်းဝယ်မှုအား (၇၅)ရာခိုင်နှုန်း‌ကျော် ‌လျော့ကျသွား‌ကြောင်း အစီရင်ခံ တွင် ‌ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၀၈ခုနှစ်တွင် လက်ဖက်‌ဈေးနှုန်း ၁ပိဿာကို ၉၀ဝမှ ၂၀၀ဝကြားတွင် ရှိပြီး ယခုနှစ် ၂၀၀၉ခုနှစ်တွင် လက်ဖက် တပိဿာကို ၅၀ဝမှ ၁၀၀ဝကြားအထိ သိသိသာသာ ‌လျော့ကျသွားပြီး မန်းတုန်မြို့နယ်တွင် ဝယ်ယူမှု လုံးဝ‌ဈေးကွက်ပျက်သွား သည့်‌ဒေသများလည်းရှိသည်။