Home သတင်း ရွာသားများ ‌နေရပ်ပြန်နိုင်‌ရေး ထိုးစစ်များရပ်တန့်ရန် ကရင်လူမှု အဖွဲ့အစည်းများ ‌တောင်းဆို

ရွာသားများ ‌နေရပ်ပြန်နိုင်‌ရေး ထိုးစစ်များရပ်တန့်ရန် ကရင်လူမှု အဖွဲ့အစည်းများ ‌တောင်းဆို

2036

ဇွန် ၁၇ရက်၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံသို့ ထွက်‌ပြေး ‌ရောက်ရှိလာသည့် ရွာသားများ မိမိ ‌နေရပ်သို့ ‌အေးချမ်းစွာ ပြန်‌နေနိုင်‌ရေး အတွက် နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်း တပ်ဖွဲ့များ အ‌နေဖြင့် ထိုးစစ်ဆင်မှုကို ရပ်တန့်‌ပေးရန် ကရင် လူမှု အဖွဲ့အစည်းများက ယမန်‌နေ့က ‌ကြေညာချက် ထုတ်ပြန်၍ ‌တောင်းဆိုလိုက်သည်။

နအဖ စစ်တပ်များသည် မြန်မာပြည် အ‌ရှေ့ဘက်ခြမ်းကို ယခုနှစ် မိုးဦးရာသီမှ စတင်၍ အဆက်မပြတ် ထိုးစစ်ဆင်ခဲ့မှု‌ကြောင့် ‌ဒေသခံ ကရင် ပြည်သူ ‌မြောက်များစွာ ထိုင်းဘက်ခြမ်းသို့ ထွက်‌ပြေး တိမ်း‌ရှောင်လာရသည်။ ထို့အပြင် ထိုးစစ်‌ကြောင့် ‌သေဆုံးမှု၊ မိုင်းဒဏ် ခံရမှုနှင့် ငှက်ဖျား‌ရောဂါ ရရှိမှုများ တိုးပွား လာ‌နေ‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် နအဖ စစ်တပ်နှင့် ဒီ‌ကေဘီ‌အေ စစ်တပ် ပူး‌ပေါင်း၍ ‌ကေအဲန်ယူ တပ်မဟာ (၇) နယ်‌မြေကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း များ‌ကြောင့် ဖားအံ ခရိုင်ရှိ ကရင်ပြည်သူ (၄၀၀၀) နီးပါး ထိုင်းဘက်ခြမ်းသို့ ထွက်‌ပြေး ‌ရောက်ရှိလာရာ ရွာသား အများစုမှာ အမျိုးသမီးများ၊ ကိုယ်ဝန်‌ဆောင် မိခင်များ၊ ‌မွေးကင်းစ က‌လေးများနှင့် (၁၃) နှစ်‌အောက် က‌လေးငယ်များ ဖြစ်သည်ဟု သိရသည်။

ထွက်‌ပြေးလာသည့် ဒုက္ခသည် ရွာသားများကို ကိုယ်တိုင် သွား‌ရောက် အကူအညီ ‌ပေးခဲ့သူ ကရင်‌ကျောင်းသားများ ကွန်ယက်အဖွဲ့ အတွင်း‌ရေးမှူး ‌နော်ဆာမူးက “ကိုယ်ဝန်‌ဆောင် မိခင်‌တွေ၊ ‌မွေးကင်းစ က‌လေးငယ် ‌တွေဟာ မိုးသည်းထဲမှာ ‌ဘေးလွတ်ရာကို သူတို့ ထွက်‌ပြေး တိမ်း‌ရှောင်တာ သွား‌တွေ့ရ‌တော့ ကျမ ‌တော်‌တော် စိတ်ထိခိုက်တယ်” ဟု ‌ပြောသည်။

အလားတူ ဇွန်လ ၁၆ ရက်‌နေ့ကလည်း ထိုးစစ်‌ကြောင့် ထွက်‌ပြေး လာရသည့် အမျိုးသမီးများနှင့် က‌လေးငယ်များအတွက် ကျန်းမာ‌ရေး၊ ‌နေထိုင်‌ရေးကအစ လွန်စွာ စိုးရိမ်မိ‌ကြောင်း ကရင်အမျိုးသမီး အစည်းအရုံး (‌ကေဒဗလျူအို) ကလည်း ‌ကြေညာချက် တ‌စောင် ထုတ်ပြန်ခဲ့သည်။

“လူ‌တွေဟာ တိုက်ပွဲ‌တွေ‌ကြောင့် ထွက်‌ပြေး လာ‌နေတာ ‌ခြေကုန်လက်ပမ်းကျ ကုန်ပြီ။ နှစ်ရက်သား က‌လေးငယ်ကို သယ်ပိုး ‌ပြေးလွှားလာခဲ့ရတဲ့ မိခင်တဦးရဲ့ ရင်ဆိုင် ဖြတ်သန်းမှုကို ‌တွေ့ရ‌တော့ ဝမ်းနည်း မိသလို နအဖနဲ့ ဒီ‌ကေဘီ‌အေတို့ရဲ့ တိုက်ခိုက်မှုကိုလည်း ‌ဒေါသ ဖြစ်မိတယ်” ဟု ‌ကေဒဗလျူအိုမှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌နော်ဘလူးမင်းနိုက်ဇန်က ‌ကြေညာချက်တွင် ‌ပြောဆိုသည်။

ထို့ပြင် ကုလသမဂ္ဂ လုံခြုံ‌ရေး ‌ကောင်စီနှင့် နိုင်ငံတကာ အ‌နေဖြင့် လက်ရှိ နအဖနှင့် ဒီ‌ကေဘီ‌အေ စစ်တပ်တို့၏ ထိုးစစ်ကို ချက်ချင်း ရပ်တန့်‌ရေးကို ဖိအား‌ပေးရန်၊ နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်များ အ‌နေဖြင့်လည်း ကရင် ‌ကျေးလက် ‌တောရွာများမှ ပြန်လည် ဆုတ်ခွာ‌ပေးရန်၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲ‌ပေးရန်နှင့် ထိုင်းအစိုးရအား ကရင်ဒုက္ခသည်များအား ကာကွယ်‌စောင့်‌ရှောက် နိုင်‌ရေးအတွက် ဒုက္ခသည်စခန်း ဖွင့်လှစ် ခွင့်‌ပေးရန် ‌ကေဒဗလျူက ထပ်‌လောင်း ‌တောင်းဆိုထားသည်။

ယခုနှစ် ဇွန်လ (၂) ရက်‌နေ့မှစ၍ နအဖ တပ်ရင်း (၅) ရင်းနှင့် ဒီ‌ကေဘီ‌အေ တပ်ရင်း (၃) ရင်းသည် ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ (၇) ‌ဒေသကို လက်နက်ကြီးငယ်များဖြင့် တိုက်ခိုက်ခဲ့ပြီး ယခုအချိန်တွင် ‌ကေအဲန်အယ်လ်‌အေ နယ်‌မြေနှစ်ခုကို ရယူနိုင်ခဲ့သည်။

နအဖနှင့် ဒီ‌ကေဘီ‌အေ ထိုးစစ်ဆင်နွဲမှု‌ကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ရန်း မြို့နယ်သို့ ထွက်‌ပြေး ‌ရောက်ရှိလာသည့် ရွာသားများသည် ဖားအံ ခရိုင်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံ မြို့နယ်မှ ဖြစ်ကြပြီး လက်ရှိအချိန်တွင် ကရင်ဒုက္ခသည်များ ‌ကော်မတီ (‌ကေအာရ်စီ)၊ ထိုင်း-မြန်မာ နယ်စပ် ကူညီ ‌စောင့်‌ရှောက်‌ရေး ညွှန့်‌ပေါင်းအသင်း (တီဘီဘီစီ)၊ ကရင် လူမှု အဖွဲ့အစည်းများနှင့် ဘာသာ‌ရေး အဖွဲ့အစည်းများက ကူညီ‌ပေးလျှက် ရှိသည်။