Home သတင်း တိုက်ပွဲဖြစ်ပွားသည့်‌နေရာအနီးတဝိုက်ရှိ ရွာသားများ ‌ရှေ့တန်းသို့ လိုက်ပါ‌နေရ

တိုက်ပွဲဖြစ်ပွားသည့်‌နေရာအနီးတဝိုက်ရှိ ရွာသားများ ‌ရှေ့တန်းသို့ လိုက်ပါ‌နေရ

1956

ဇွန်လ ၈ ရက်
နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖားအံခရိုင်တွင် ဖြစ်ပွား‌နေသည့် တိုက်ပွဲများအတွင်း တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (ဒီ‌ကေဘီ‌အေ) တပ်ဖွဲ့များက အနီးတဝိုက်မှ ရွာသားများအား ‌ရှေ့တန်းသို့ လိုက်ပါရန် လိမ်လည်‌ခေါ်‌ဆောင် ခဲ့သည်ဟု ဇွန်လ(၇)ရက်‌နေ့က ‌ကေအဲန်ယူ နယ်‌မြေသို့ ထွက်‌ပြေး လွတ်‌မြောက်လာသူ ရွာသားတဦးက ‌ပြောသည်။

သူက “ဗိုလ်ချစ်သူ ဦးစီးတဲ့အဖွဲ့က ကျ‌နော်တို့ ရွာသား‌တွေကို ဘုရားသွားတည်ဖို့ လိုက်ရမယ်ဆိုပြီး တရွာကို ရွာသား အ‌ယောက်(၂၀)စီ ‌ခေါ်တယ်။ တကယ်တမ်းကျ‌တော့ ဘာဘုရားမှ မ‌တွေ့ဘဲ လမ်းမှာ‌ရောက်‌တော့ ကျ‌နော်တို့ကို လက်နက်ကျည်ဆံ‌တွေ၊ ဗုံးဆံ‌တွေ ထမ်းခိုင်း‌တော့တာပဲ။ လူတ‌ယောက်ကို နှစ်ပိသာ‌လောက် အ‌လေးချိန်ရှိတဲ့ ဗုံးသီး‌တွေ ဝို်င်းထမ်းလာခဲ့ရတယ်။ ကျ‌နော်တို့ ဒီ‌ကေဘီ‌အေနဲ့ လိုက်လာတာ (၅)ရက်‌လောက် ရှိ‌နေ‌ပေမယ့် ထမင်းလည်း မဝ မိုး‌ရေထဲမှာ ငုတ်တုတ်ထိုင်ပြီး အိပ်ရတယ်။ ထမ်းလည်း မထမ်းနိုင် ‌တော့ဘူး‌လေ။ အဲဒါ‌ကြောင့် အ‌ပေါ့သွားမယ်ဆိုပြီး ထွက်‌ပြေးလာခဲ့တာ” ဟု ကရင်သတင်းစဉ်ကို ‌ပြောသည်။

ဒီ‌ကေဘီ‌အေ (၉၉၉) တပ်မှ ဗိုလ်မှူးကြီး ‌စောချစ်သူ ဦးစီးသည့် အဖွဲ့သည် ပနွယ်ကလားရွာအပြင် လားနိုင်း (ကွမ်ဘီ)နှင့် ကုက္ကိုလ် ‌ကျေးရွာမှ ရွာသား များအား ဘုရားပြုပြင်‌ရေး၊ ‌ရော်ဘာခြံ လုပ်အား‌ပေး သွားရမည် ဟုဆိုကာ အဆိုပါ ရွာသုံးရွာမှ ရွာသားများအား တရွာလျှင် (၂၀)စီ ‌တောင်းယူခဲ့‌သော်လည်း ပနွယ်ကလားရွာသား (၁၈)ဦး၊ လားနိုင်း ရွာသား (၂၀)ဦးနှင့် ဆိတ်တို ရွာသား (၁၀)ဦးသာ လိုက်ပါခဲ့သည်ဟု အဆိုပါ ရွာသား ‌စောဖာ့အန်ကု၏ ‌ပြောပြချက်အရ သိရ သည်၊

ထိုသို့ လိုက်ပါရာတွင် ဒီ‌ကေဘီ‌အေ တပ်ဗိုလ် တပ်မှူးများ အပါအဝင် တပ်ဖွဲ့ဝင် (၃၀၀) ‌ကျော်ခန့် ရှိပြီး ‌ရှေ့တန်းသို့ သွားရာလမ်းတွင် လက်နက် ကျည်ဆံထမ်းရန် ‌ခေါ်လာခဲ့သည့် ရွာသားများက ၎င်းတို့ တပ်ဖွဲ့အလယ်မှ လိုက်ပါခဲ့ ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန် (၆)ရက်‌နေ့ ‌နေ့လည်ပိုင်းတွင် ထီးလယ့်ဒို၊ ခလယ်‌ဒေး၊ တာကရယ်ခီး၊ ဟိုဟဲထာ့၊ မဲ့တကူးထာ့၊ မဲ့တကူးခီး၊ ကွီး‌ဘောဟဲ၊ ကွီး‌လော် ဖလိုးနှင့် က‌လောကတီရွာများမှ တရွာလျှင် ရွာသား (၃) ဦးစီကို နအဖ တပ်ဖွဲ့မှ ‌ရှေ့တန်းသို့ အထမ်း‌ပေါ်တာအဖြစ် ‌ခေါ်‌ဆောင်သွားခဲ့‌ကြောင်း ကရင် အမျိုးသား လွတ်‌မြောက်‌ရေး တပ်ဖွဲ့ (‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း (၂၁) မှ တပ်ခွဲ (၄) စစ်‌ကြောင်းမှူး ‌စောကြည်‌အေးက ‌ပြောသည်။

အလားတူ ဇွန်လ (၇) ရက်‌နေ့ကလည်း ထီးယာ‌ဒေးထာ့၊ မဲ့ဝါ‌ယော၊ ထီးခလိုး‌ဘော၊ ထီး‌မော်ကို့၊ ကလို့‌ထော၊ တကွီးကလား၊ ကိုးရွှ၊ ‌ယော်ပိုးထာ့၊ လဲ့ကဒူး၊ လဲ့ကဒူးထာ့နှင့် ထီးကနဲ ရွာများမှ တအိမ်လျှင် တဦးစီ ‌ရှေ့တန်းသို့ လိုက်ပါရမည်ဟု ဒီ‌ကေဘီ‌အေ တပ်ဖွဲ့များက ‌ခေါ်‌ဆောင်သွားခဲ့ပြီး မသွားနိုင်သူများ ကို ဒဏ်‌ငွေ (၅) သိန်းကျပ် ‌ပေးရမည်ဟု ‌ပြောဆိုခဲ့‌ကြောင်း သိရသည်။

နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များသည် ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ (၇) ၏ တပ်ရင်း‌နေရာများသို့ ဇွန်လ (၂) ရက်‌နေ့က စ၍ ‌နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့ရာ ‌ကေအဲန်အယ်လ်‌အေ ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဘဲ နအဖနှင့် ဒီ‌ကေဘီ‌အေ ပူ‌ပေါင်းတပ်ဖွဲ့တို့ဘက်မှ (၂၀)ဦးခန့် ကျဆုံးခဲ့ပြီး (၅၀)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)၏ တိုက်ပွဲ မှတ်တမ်းစာရင်းအရ သိရသည်။